(၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း မြို့တော်ခန်းမရှေ့၌ ပြုလုပ်သည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝန် ဝန်ကြီးများ နှင့် ဇနီးများ၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း အမှုထမ်းများ တက်ရောက်ခဲ့ ကြပြီး ငဝန်မြစ်အတွင်းသို့ ငါးမြစ်ချင်း၊ ငါးခုံးမကြီး ငါးကောင်ရေ ၃၀၀၀ အား ဇီဝိတဒါနအဖြစ် လွှတ်ပေး ခဲ့ကြသည်။

အိမ်မဲမြို့တည် သမိုင်းဝင် ရှင်ပင်ချမ်းသာကြီးဘုရား၌ တန်ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးများဖြင့် စည်ကား

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက်တွင် တည်ထား ကိုးကွယ်သော အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရား၌ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းမှ စတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေကြောင်း သိရသည်။

ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့ ဘုရားဖူးပြည်သူများနှင့်စည်ကားခဲ့ပြီး လပြည့်ညအချိန်အထိ တောင်ကလပ်ပေါ်ရှိ ဆေးကျောက်ပျဉ်ဂူတွင် ဆေးကြိတ်သူများဖြင့် စည်ကားခဲ့ကြောင်းသိရ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့ဖြစ်သည့်၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် လပြည့်ညအချိန်ခါတွင်လည်း တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ယုံကြည်သက်ဝင်သူများမှ ပွဲတင်ခြင်း၊ ဆေးမြစ်/ဆေးရွက်များစုပေါင်း၍ ဆေးကြိတ်ခြင်းများဖြင့် ည(၁၀)နာရီအထိစည်ကားခဲ့ကြောင်း တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ခရမ်းမြို့တွင်အသက်၁၈နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့် သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၁၈နှစ်နှင့်အထက်နှင့် အသက်၁၈နှစ်အထက်ပြည့်ပြီး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီး ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်‌ဆောင်နှင့် နို့တိုက်မိခင်များကို အပတ်စဉ်တနင်္လာနေ့တိုင်း ထိုးနှံ့ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊

တန်ဆောင်မုန်းလပြည့်နေ့တွင် မော်လမြိုင်မြို့ ကမ်းနားလမ်း၌ မီးပုံးပျံလွှတ်တင်ခြင်းနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်း ဆောင်ရွက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မီးပုံးပျံနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်းကို ယမန်နေ့ည (၈) နာရီအချိန်က ကမ်းနားလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာရေးဆရာ မောင်(ဆေး-၁) ရေးသားသော "လှသောမွှေးသော ပန်းနှင်းဆီ" စာအုပ်ဖြင့် စာဖတ်ဝိုင်း‌ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to