အိမ်မဲ နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက်တွင် တည်ထား ကိုးကွယ်သော အိမ်မဲမြို့တည် သမိုင်းဝင်ရှင်ပင်ချမ်းသာကြီးဘုရား၌ တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းမှ စတင်ကာ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားနေကြောင်း သိရသည်။
ဘုရားဖူးလာ ပြည်သူများက မြတ်စွာဘုရားအားရည်မှန်း၍ ပန်း၊ ရေချမ်း၊ ဆီမီး၊ နံသာတိုင်များ ကပ်လှူခြင်း၊ အာရုံဆွမ်း၊ နေ့ဆွမ်း၊ နှင့်ရွှေသင်္ကန်းများကို ကပ်လှူပူဇော်ကြသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
တန်ဆောင်မုန်းလပြည့်နေ့ ည (၈)နာရီတွင်လည်း သစ္စာဓိဌာန် နယ်လှည့်သာသနာပြုအကျော် (ဧရာဝတီတိုင်းဒေသကြီး)သစ္စာရှင် လူမှုကယ်ဆယ်ရေးအဖွဲ့ (နာယက) ဘဒ္ဒန္တဝိလာသ ဆရာတော်အရှင် သူမြတ်ကြီး၏ တန်ဆောင်မုန်းလပြည့်နေ့ ဆေးပေါင်းခပွဲ သစ္စာ မေတ္တာ စေတနာ ဆေးအလှူတော်ပွဲကိုလည်း ရှင်ပင်ချမ်းသာဘုရားကြီးတွင် ကျင်းပသွားမည်ဖြစ်ကြာင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)