မော်လမြိုင် နို၀င်ဘာ ၈
မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ တန်ဆောင်မုန်းလပြည့်နေ့တွင် မီးပုံးပျံနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်းကို ယမန်နေ့ည (၈) နာရီအချိန်က ကမ်းနားလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မီးပုံပျံလွှတ်တင်ခြင်းနှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်း အခမ်းအနားတွင် မီးပုံးပျံအလုံးရေ (၃၀၀) ခန့်နှင့် မီးရှုးမီးပန်းများ လွှတ်တင်ခြင်းများကို ဌာနဆိုင်ရာ တာ၀န်ရှိသူများ ဒေသခံပြည်သူများက ပျော်ရွှင်စွာလွှတ်တင်ကြပြီး ကမ်းနားလမ်းတစ်လျှောက် အလွန်စည်ကားလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်