ခရမ်းမြို့တွင်အသက်၁၈နှစ်အထက်နှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လပြည့် သူများအား Booster ထပ်ဆောင်းဆက်လက်ထိုးနှံပေး

ခရမ်း နိုဝင်ဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်၁၈နှစ်နှင့်အထက်နှင့် အသက်၁၈နှစ်အထက်ပြည့်ပြီး၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံပြီး ၆ လပြည့်ပြီးသူများအား တတိယအကြိမ် Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်‌ဆောင်နှင့် နို့တိုက်မိခင်များကို အပတ်စဉ်တနင်္လာနေ့တိုင်း ထိုးနှံ့ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ခရမ်းမြို့ အမှတ် (၂)ရပ်ကွက်ရှိ သကျမာရိဇိန်ကြေးသွန်းဘုရားကြီးအတွင်း သာသနာ့ဗိမ္မာန်ဓမ္မာရုံကြီးတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နေ့စဉ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို၊ ကျန်းမာရေးဝန်းထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးအတွင်း အောက်စီဂျင်လည်ပတ်မှုနှုန်းတိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်း၊ တို့ကိုဆောင်ရွက်ပြီးမှသာ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ‌ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကိုမင်း( ခရမ်း )