ဗိုလ်တထောင်မြို့နယ် အ.ထ.က(၃)ကျောင်း တွင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင်၊ ကျောင်းသား/ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက အမှတ်(၃၃)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူး ဆန်းညွှန့်ဦး၊ ဦးဆောင်၍ ကျောင်းသား/ကျောင်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။