မော်လမြိုင် နို၀င်ဘာ ၉
မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ ကွင်းအမှတ်(၈၁၃) ဦးပိုင်အမှတ် (၆၆/ခ) တောင်သူဦးသိန်း၀င်း၏ ပေါ်ဆန်းရင် စံပြမိုးစပါးစိုက်ခင်း(၁၀)ဧကအား စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲကို မော်လမြိုင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မော်လမြိုင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် (၆.၆) ပေစံကွက်ကောင်း၊ သင့်၊ ညံ့ ရိတ်သိမ်းခဲ့ရာ ပေါ်ဆန်းရင်တစ်ဧကလျှင် အစို(၇၄.၀၉)တင်းနှုန်းနှင့် အခြောက်တင်းအနေဖြင့် (၆၇.၅၂) တင်းနှုန်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ဝါဝါရီထံမှ သိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်