အမ်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို)အထိမ်းအမှတ် အသိပညာပေးနံရံအသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၀ မိနစ်အချိန်တွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။

ထန်းတပင်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ဝိုင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စာဖတ်ဝိုင်း စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများစားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမ်းတပ်နယ်စျေးရှေ့လမ်းမ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သန်လျင်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၍ ကျင်းပသည်။

ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံးစံပြကျေးရွာစိုက်ခင်းတွင် ၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဦးပိုင်(၄၄)၊ ကွင်းအမှတ်(၂၉၇)ရှိ တောင်သူဒေါ်နီနီဦး၏လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

မန်တုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်းပေး

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားလာစေရန် စာအုပ်စာစောင်များ နေ့စဉ်ငှားရမ်း ပေးလျက်ရှိသည်။

ဂွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဦးတည်အုပ်စုပြည်သူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက် ဦးတည်အုပ်စုပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိစုရပ်များတွင် နေရာများခွဲ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။

မဟာအောင်မြေမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် နံရံကပ်စာစောင်ပြသမှု ကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌  ကလေးအလုပ်သမား ပပျောက်ရေးအသိ ပညာပေးနှင့် နံရံကပ်စာစောင်ပြသမှုကို ယနေ့နံနက် (၁၁) နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to