အောင်လံ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် အောင်လံမြို့၌ ချည်မျှင်ရှည်ဝါအထွက်နှုန်းမြင့်မားရေးနှင့် ဝါဂွမ်းအရည်အသွေးကောင်းရရှိရေး တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်က အောင်လံမြို့ ဝါသီးနှံမျိုးသန့်ခြံတွင် ပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် ဝါသီးနှံမျိုးသန့်ခြံ တာဝန်ခံဦးစီးအရာရှိ ဒေါ်မြင့်မြင့်အေးက ချည်မျှင်ရှည်ဝါဝင်ငွေ အကျိုးအမြတ်မြင့်မားရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များဖြစ်သည့် မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးခြင်းမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးရောင်းချပေးနေသော အထူး အထွက်တိုးဝါမျိုးများဖြစ်သည့် မိမိဒေသနှင့် သင့်လျော်သောတောင်သူကြိုက်နှစ်သက်သည့် ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀နှင့် ငွေချည်-၁၁ ဝါမျိုးများကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် ဝါအထွက်နှုန်းကောင်းများ ရရှိမှာဖြစ်ကြောင်း၊ တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင် ဆောင်ရွက်ခြင်း၊ ကောက်သိမ်းရဝါပေါက်နှင့် ဝါတစ်ပေါက်အလေးချိန်များ များရရှိရေးဆောင်ရွက်ခြင်း၊ ဝါပင်ကြီးထွားမှု အဆင့်အလိုက်ရေသုံးစွဲမှုစသည့် ကြောင်းအရာပါအချက်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော တောင်သူများအား ဝါသီးနှံမျိုးသန့် ခြံအတွင်းစိုက်ပျိုးထားရှိသည့် ဝါစိုက်ခင်းအားသရုပ်ပြရှင်းလင်းပြသခဲ့သည်။ ယင်းသရုပ်ပြပွဲသို့ သရက်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းလှအောင်နှင့် ဝန်ထမ်းများ၊ ဝါးသီးနှံမျိုးသန့်ခြံ တာဝန်ခံဒေါ်မြင့်မြင့်အေးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဝါစိုက်တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)