ရမည်းသင်း နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပပြုလုပ် သည်။
ရှေးဦးစွာအခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင်ပညာရေးမှူး ဒေါ်ခင်မာမာအေးကကျောင်းတွင်းစီမံခန့်ခွဲမှု အရည်အသွေးတိုးတက်ရေး၊ ပညာရေးတိုးတက်ရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် ကျောင်းအုပ်ကြီးများ အရည်အသွေးမြှင့်တင်ခြင်းဖြင့် အခြေခံ ပညာကျောင်းများရှိဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ် မျှော်မြင်နိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး သင်ကြား၊ သင်ယူမှု တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအခြေခံပညာကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင်မားရေးအလုပ်ရုံဆွေးနွေးပွဲကိုနိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်ထိ ရမည်းသင်းမြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးအောင်သိန်းထွန်းက(စီမံကဏ္ဍ)စီမံခန့်ခွဲမှုကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထူးထူးနိုင်က (ဘဏ္ဍာရေး) စည်းမျဉ်း၊ စည်းကမ်းကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးချမ်းအောင်က(ပညာရေး) သင်ကြားကြီးကြပ်အကဲ ဖြတ်ကဏ္ဍအားလည်းကောင်း အသီးသီးဆွေးနွေး ပို့ချသွားမည်ဖြစ်ပြီးအလုပ်ရုံဆွေးနွေးပွဲသို့ ရမည်းသင်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စုစုပေါင်း (၂၃၆)ဦး တက်ရောက်ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)