လှည်းကူး နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက် (၁၈)နှစ် နှင့်အထက် ပြည်သူများအား လှည်းကူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းတွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များတို့အား ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထိုးနှံမည့်ပြည်သူအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
လှည်းကူးမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပြည်သူများအား လိုအပ်သည်များကို ကူညီဆောင်ရွက်လျက်ရှိပြီးကျန်ရှိနေသော ပြည်သူများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)