ကွတ်ခိုင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည်(၁)နာရီအချိန်၌ နိုဝင်ဘာ(၁၇)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ် စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းကို ပြောကြားခဲ့ပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အကြိုအသိပညာပေးနံရံကပ်စာစောင်နှင့် အခြားဗဟုသုတရဖွယ် အကြောင်းအရာများဖြစ်သော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနည်းလမ်းများ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တာရာယ် ဆိုးကျိုးများ အသိပညာပေး စသည့် အကြောင်းအရာများကို နံရံကပ်စာစောင်များနှင့် မြိုနယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ပြသထားပြီး၊ အမျိုးသားအောင်ပွဲနေ့နှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကိုလည်း ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)