ဖားဆောင်း နိုဝင်ဘာ ၁၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်း (Book club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း စာဖတ်သူအကြိုက် စာအုပ်များဖြင့် စာဖတ်ဝိုင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးစည်းကမ်း ချက်များနှင့်အညီ လစဥ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းသဲနုအောင်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် ဆရာနှင့်တပည့်၊ တပည့်နှင့်ဆရာ စာအုပ်မှ “တပည့်တစ်ဦးအတွက်ဆရာပေါင်းများစွာ” ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပြီး (book club) အဖွဲ့ဝင် ဦးနိုင်သူဝင်းက “ဆရာနှင့်တပည့် တပည့်နှင့်ဆရာ”ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ဆက်လက်၍ (book club) အဖွဲ့ဝင် ဦးစောလယ်မူးက”ဆရာ့ဂုဏ်ဆရာ့အရှိန်အဝါ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အဖွဲ့ဝင် ဒေါ်ဖူးဝေဇော်က “ဆရာထက်တော်သော တပည့်များပေါ်ထွန်းရေးအတွက်” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပြန်လည် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ၊ စာအုပ်၊ စာစောင်များ ပြသထားရှိမှုကိုလည်း စာပေချစ်မြတ်နိုးသူများမှ ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)