မရမ်းကုန်း ဒီဇင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ လူမှုဝန်ထမ်းကျောင်းဝန်းအတွင်းရှိ မသန်စွမ်းသက်ကြီးသင်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၈ နာရီခွဲအချိန်က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၆/၂၀၂၅ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း ၆/၂၀၂၅ ကို ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ တပ်ဖွဲ့မှူး ဦးမောင်မောင်မြင့်၊ ဒုတိယမြို့နယ်မှူး၊ တပ်ခွဲမှူးများ၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခြေခံရှေးဦးပြုစုမှုအတတ်ပညာများကို လက်ဆင့်ကမ်းဝေမျှစေလိုသော ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလမှာ ၁၉-၁၂-၂၀၂၅ ရက်နေ့မှ ၂၁-၁၂-၂၀၂၅ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)