ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ရမည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဦးဆောင်၍ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်၌ ရပ်ကွက်/ကျေးရွာများသို့ ယမန်နေ့ညနေ ၄ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဒဿမအကြိမ်မြောက် ပဲခူးမြို့၊ တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် တန်ဆောင်တိုင်ပွဲတော်နှင့် စတုဒီသာကျွေးမွေးလှူဒါန်းခြင်း အောင်မြင်မှုအထိမ်းအမှတ် ဂုဏ်ပြုမိတ်ဆုံစားပွဲအား ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များမှ ဖိတ်ကြားထားသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရွှေမော်ဓောဂေါပကအဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ မြို့မိ/မြို့ဖများ စုစုပေါင်း (၂၅၀)ဦးကျော် တက်ရောက်ခဲ့သည်။

မောက်မယ်မြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများ ထောက်ပံ့ပေးအပ်ခြင်းနှင့် စေတနာ့ ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ သုံးမွှာပူးမွေးဖွားသည့် မိခင်နှင့်ကလေးများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စေတနာ့ဝန်ထမ်းများ၊ ပရဟိတအသင်းဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်စာဖတ်ဝိုင်းကျင်းပ

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း​ကျောင်း၌ ယမန်နေ့နေ့လည် (၁)နာရီအချိန်က အမျိုးသား​နေ့တို့မမေ့ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ အထက(၁၈)တွင် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လည်(၁၂:၀၀)အချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

မောက်မယ်မြို့နယ် အ.ထ.က ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် မှုခင်းကျဆင်းရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်) နှင်းဆီဆောင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အထက်ပိုင်းရပ်ကွက်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ အောင်မင်းခေါင်ဓမ္မာရုံ၌လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက် ၉ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အကြိုစာအုပ်စာစောင်နှင့် နံရံကပ် စာစောင်ပြသ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၁၀၂) နှစ် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြသခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပြသခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာ မဟာပဋ္ဌာန်း ကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ မင်္ဂလာအခမ်းအနား တက်ရောက်

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီးအား အဘိဓမ္မာမဟာပဋ္ဌာန်းကျမ်းတော်မြတ် အသံမစဲရွတ်ဖတ်ပူဇော် ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်နေ့ ယနေ့ နံနက်(၇)နာရီအချိန်က မြသလွန်စေတီတော်ရင်ပြင်၊ မဟာဝိဇယရံသီ တန်းဆောင်း တော်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သရက်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းဆင့် ရုပ်ပုံပြစာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူများ၏ မူလတန်းဆင့် ရုပ်ပုံပြ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။
Subscribe to