ကျောင်းကုန်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျောင်းကုန်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်နှင့် အားကစား ပြိုင်ပွဲများအား ယမန်နေ့နံနက် (၁၀:၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်နှင့် ဝန်ထမ်းများက မူလတန်းအဆင့် ကျောင်းသား/သူ (၂၂)ဦးအား ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပေးခဲ့ပြီး အခြားအားကစားပြိုင်ပွဲများဖြစ်သည့် စာအုပ်ရွက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲ၊ ဘိုးလိန်းပစ်ပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ပြိုင်ပွဲအလိုက်ဆုရခဲ့ကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ပို့ပို့ (ပြန်/ဆက်)