ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်တွေ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(၆)လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများတက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသက်လွင်က ဝန်ကြီးဌာန၏ ရည်မှန်းချက် အောင်မြင်ရေးနှင့် ရခိုင်ပြည်နယ်အတွက် ရရှိသော ရန်ပုံငွေများလေလွင့် ဆုံးရှုံးမှုမရှိအောင် အဓိကထားဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း နိုင်ငံအတွက်၊ ပြည်နယ် အတွက် လုပ်ငန်းအားလုံးအပေါ်တွင် စေတနာထားလုပ်ဆောင်ကြရန်နှင့် မျိုးဆက်သစ်လူငယ်များတွက် အင်ဂျင်နီယာများက စေတနာထားကာ အကောင်းဆုံးလုပ်ဆောင်ပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးဝင်းမြင့်ဟန်က ၂၀၂၂-၂၀၂၃ ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများ၊ ၂၀၂၂-၂၀၂၃ ပြည်နယ် (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများ၊ ပြည်နယ်(ငွေလုံးငွေရင်း) ရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြီးစီးနေမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ခရိုင်တာဝန်ခံများက မိမိတို့ခရိုင် အလိုက်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးက ပြန်လည်ဆွေးနွေးပေါင်းစပ်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)