သရက်မြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မူလတန်းဆင့် ရုပ်ပုံပြစာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

သရက်  နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကျောင်းသား၊ ကျောင်းသူများ၏ မူလတန်းဆင့် ရုပ်ပုံပြ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပညာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။

အဆိုပါ မူလတန်းဆင့်ရုပ်ပုံပြစာစီစာကုံးပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ဆွေက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ဆရာကြီးဦးအောင်ကျော်စိုးက အမှတ်‌ပေးစည်းမျဉ်း၊ စည်းကမ်းနှင့် ရုပ်ပုံဗီဒီယိုပြသပေးခြင်းအကြောင်းကို ရှင်းလင်းခဲ့သည်။ ယင်းနောက် အမျိုးသားနေ့ဖြစ်ပေါ်လာပုံ ဗီဒီယိုမှတ်တမ်းကို ပြိုင်ပွဲဝင်များအား ပြသပြီး ကျောင်းသား၊ ကျောင်းသူ(၂၁)ဦးက “ အမျိုးသားနေ့တို့မမေ့ ” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။ ရုပ်ပုံပြစာစီစာကုံး ပြိုင်ပွဲအပြီးတွင် ကျောင်သား၊ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်