လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၁၇)ရက်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လည်(၁၂:၀၀)အချိန်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အထက(၁၈)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ကြည်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ဇော်နှင့် စာရေးဆရာ အယ်ဒီတာ ဦးသူရဇော်(ဉာတတ္ထစရိယ)တို့မှ ကျောင်းသား/သူများအား အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသားအောင်ပွဲနေ့ အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
ဆက်လက်၍ နံရံကပ်စာစောင်ပြသရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝဖြစ်စဉ်၊ ပြည်တွင်းစည်းရုံးရေးခရီးစဉ်များ မှတ်တမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များအား ပြသခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ဆရာ/ဆရာမ၊ ကျောင်းသား/သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။
မြင့်ဇော်