ဒဂုံမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်စာဖတ်ဝိုင်းကျင်းပ

ဒဂုံ နိုဝင်ဘာ ၁၂

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ်  ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း​ကျောင်း၌ ယမန်နေ့နေ့လည် (၁)နာရီအချိန်က အမျိုးသား​နေ့တို့မမေ့ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။ 

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်​မေသန္တာက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည့် အမျိုးသားနေ့ကိုအစဉ်အမြဲသတိရစေရန်အတွက် ယခုလိုစာဖတ်ဝိုင်းကို ဂုဏ်ပြုကျင်းပရခြင်းဖြစ်‌ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ကြည်ကြည်ခိုင်က မြန်မာတို့၏အမျိုးသားရေး ဇာတိ​သွေးဇာတိမာန်၊ အမျိုးသားနေ့ဖြစ်​ပေါ်လာပုံ၊ အမျိုးသား​နေ့လှုပ်ရှား​ဆောင်ရွက်မှုများကို​ပြောကြားခဲ့ပြီး အမျိုးသား​နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းအား​ ကျောင်းသား​/ကျောင်းသူများဖြင့် ပြုလုပ်​ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းသို့ ဒဂုံမြို့နယ်အမှတ် (၃) အ​ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၀) ဦးတို့ တက်ရောက်ပါဝင်​ဆွေး​နွေးခဲ့ကြကြောင်း သိရသည်။

ကြည်​ဇေ​သော်