အမရပူရ နိုဝင်ဘာ ၁၅
မန္တလေးတိုင်းသေကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးဌာနအနေဖြင့် ကလေးသူငယ်များကို အမျိုးသားအောင်ပွဲနေ့အကြောင်း သိရှိစေရန် ရည်ရွယ်၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မှတ်တမ်းဓါတ်ပုံ၊ အမျိုးသားရေးအားမာန် ဆောင်းပါးတို၊ လူငယ်တွေရဲ့ ခေတ်နှင့် မှန်ကန်သော မျိုးချစ်စိတ်ဓါတ်များရှိရန် လိုအပ်စသည့် ကောက်နှုတ်ချက်များ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး အမည်၊ သူ့ကျွန်မခံအမျိုးသားမာန် ကဗျာ၊ အမျိုးသားအောင်ပွဲ့နေ့ ကာတွန်း၊ ၂၀၂၂ ခုနစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များနှင့် ပညာရေးမျော်မှန်းချက် စသည်ဖြင့် ကဏ္ဍစုံလင်စွာ ပါဝင်ကြောင်း သိရသည်။
စိုးသီဟ(အမရ)