ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် ယမန်နေ့ နံနက် (၉)နာရီမှစတင်၍ မြောင်းမြမြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ဌာနများကို ညွှန်ကြားထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။