ပွင့်ဖြူ နိုဝင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
အဆိုပါ အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် အမျိုးသားရေစိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ ဦးဆောင်ပါဝင်ဆွေးနွေးသူ ပွင့်ဖြူမြို့နယ် ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အတွင်းရေးမှူးဖြစ်သူ အငြိမ်းစားကျောင်းအုပ်ဆရာကြီး ဦးကျော်စိုး က အနာဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များ အသိပညာဗဟုသုတတိုးပွားစေရေး အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရန်နှင့် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်လာစေရန် လုပ်ဆောင်ရမည့် အချက်များ၊ တိုင်းပြည်အတွက် အားကိုးအားထားပြုရသော နိုင်ငံ့ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန် အချက်များကို အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် ပြည်သူများ စာပေအသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ရည်ရွယ်ပြီး ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ လစဉ် အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို အရှိန်အဟုန်မြှင့် စီစဉ်ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)