မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့” အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် နိုဝင်ဘာ ၁၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယနေ့နံနက်()နာရီက ..က (တန့်ဆိုင်) ကျောင်းသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကျဉ်းကိုလည်းကောင်း၊ ပညာရေးကို အေးချမ်းစွာသင်ကြားနိုင်ရေးအတွက် ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုခဲ့ကြသည့် ကျောင်းသားကြီး(၁၁)ဦး၏ အမည်များကိုလည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများစွာရရှိနိုင်ကြောင်း၊ ကျောင်းပိတ်ရက် များတွင် မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ကာ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ “(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)