တိုက်ကြီးမြို့နယ်တွင် ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တိုက်ကြီး နိုဝင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီ က ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသော ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နိုင်ငံတော် တာဝန်ထမ်းဆောင်ရင်း သေဆုံးထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ့ဝန်ထမ်းများအတွက် ချီးမြှင့်သည့် ရဲဗလတံဆိပ် (၁၄ ပဲရည်ရွှေ ၂.၅ ကျပ်သားဖြင့် ပြုလုပ်ထားသည့် တံဆိပ်များနှင့် ဂုဏ်ပြုစာလွှာများကို သေဆုံးသူ ၄ ဦး၏ အမွေဆက်ခံပိုင်ခွင့်ရှိသည့် ဇနီးများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် () ဦးစိုးဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးအောင်ကျော်စိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်းအောင်၊ အဖွဲ့ဝင် (၂) ဦးမောင်မောင်လတ်၊ အဖွဲ့ဝင် (၃) ဦးအောင်မင်းထွေးနှင့် အတွင်းရေးမှူး ရဲမှူးဌေးနိုင်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် / ဆက်)