ကန်ကြီးထောင့် နိုဝင်ဘာဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေများအား နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စတင်ထုတ်ချေးနေပြီ ဖြစ်ကြောင်း သိရသည်။ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဆောင်းရာသီစိုက်ပျိုးစရိတ်များကို နိုဝင်ဘာလ ၁၄ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ရာ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကျေးရွာအုပ်စု (၆)အုပ်စု ရှိ တောင်သူ (၁၅၄)ဦး ၏ သီးနှံစိုက် ဧက (၁၂၀၈)ဧက အတွက် ချေးငွေ ကျပ်သိန်း (၁၈၁၂) ထုတ်ချေးပေးပြီး ထုတ်ချေးရန်ကျံတောင်သူများအားလည်း ဆက်လက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဆောင်းရာသီ သီးနှံထုတ်ချေးရန် လျာထား ဧက (၁၂၀၀၀) အတွက် ထုတ်ချေးရန် ကျပ်သိန်း(၁၈၀၀၀) လျာထား ထားရှိပြီး ၂၀၂၁ ခုနှစ် ဆောင်းသီးနှံထုတ်ချေးထားရှိမှု အနေဖြင့် ဧက (၆၃၈၅) ဧကအတွက် ကျပ်သိန်း (၉၅၇၇၅) ဖြစ်ပြီး တောင်သူတစ်ဦးလျှင် (၁၀)ဧကအထိ ရရှိမှာဖြစ်ပြီး တစ်ဧကလျှင် ချေးငွေကျပ် (၁၅၀၀၀၀) နှုန်းဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာထံမှ သိရသည်။
မဇင်(ပြန်/ဆက်)