ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ကျောက်ဖြူ  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းပြီး  ၁၃၈၄ ခုနှစ်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်(အကြို) အသိပညာပေး ဟော ပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံ ပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောက်တစ်လုံး IDPs စခန်းရှိ အခြေခံပညာမူလတန်းလွန်ကျောင်းမှအလယ်တန်းပြဆရာ ဦးနေထွန်းလင်းက အမျို းသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်း ပြော ကြားပြီး ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က အမျိုးသားအောင်ပွဲနေ့သည် ကျွန်ပညာရေးကို ကန့်ကွက်ရှုတ်ချ တိုက်ဖျက်ရာမှ ပေါ်ပေါက်လာသော မျိုးချစ်စိတ်ဓာတ်အရင်းခံသည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်သည့်နေ့ဖြစ်ကြောင်း၊ ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၁၀)ရက်၊ ခရစ်နှစ် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် ကောလိပ်ကျောင်းသားများက သပိတ်မှောက်ခဲ့ကြသည့်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ ယခုအခါတွင် အမျိုးသားအောင်ပွဲနေ့သည် နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်ကြောင်း စသဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  အမျိုးသားအောင်ပွဲနေ့ အသိပညာပေး နံရံကပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံများနှင့် သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ခင်းကျင်းပြသထားရှိရာ ၎င်း IDPs စခန်းရှိ ကျောင်းသား၊ ကျောင်းသူ များမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းနောက် အဆိုပါဝန်ထမ်းများ သည် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)