ကော့သောင်း နို၀င်ဘာ ၁၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ်သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၃၀)ဦး ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများအား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်ရ အေဂျင်စီတစ်ခုဖြစ်သည့် J.M.K Services Co,Ltdမှ ထိုင်းနိုင်ငံရှိ SPM Feed Mill Co,Ltd သို့ အမျိုးသားအလုပ်သမား (၁၅)ဦးနှင့် အမျိုးသမီးအလုပ်သမား(၁၅)ဦး စုစုပေါင်းအလုပ်သမား(၃၀) ဦးကို (၂)နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်နိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှတဆင့် ကော့သောင်းမြို့သို့လေကြောင် းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်းအပြည်ပြည် ဆိုင်ရာနယ်စပ်ဂိတ်မှတဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ပို့ဆောင်ပေးမည်ဖြစ်ရာ သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများအား ကော့သောင်းခရိုင် အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနကော့သောင်းခရိုင်ရုံး၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တာဝန်ရှိအဖွဲ့အစည်းများက လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြပြီး အလုပ်အကိုင်ကုမ္ပဏီတာဝန်ရှိသူများက ထိုင်းနိုင်ငံရှိ အလုပ်လုပ် ကိုင်မည့် ကုမ္မဏီသို့ စနစ်တကျ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)