ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျေိာက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများနှင့် ကျန်းမာရေးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသခံပြည်သူ များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းများကို၊ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန် က ဒေါင်းလည်ကျေးရွာအုပ်စု၊ ဒေါင်းလည်ကျေးရွာ သစ္စာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းကြီး(၅)ကျောင်းဖြင့် ဒေသဖွံ့ဖြိုးရေး တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်က ကွင်းဆင်းလာရောက်ရသည့်အကြောင်းနှင့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့် ရပ်/ကျေးအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ရမည့် လုပ်ငန်းများကိုရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး နောင်ထွန်းနီ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးမင်းတို့က ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းတည်ငြိမ်ရေးကိစ္စများကို ရှင်းလင်းဆွေးနွေးကြသည်။ ယင်းနောက်အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် စီမံကိန်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးစီမံခန့် ခွဲမှုဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ပညာရေး၊ လျှပ်စစ် အစရှိသည့် ဌာနကြီး(၁၆)ခုမှ မြို့နယ်တာဝန်ရှိသူများက ဌာနအလိုက်ကျေးရွာဖွံ့ဖြိုးရေး ပံ့ပိုး ကူညီဆောင်ရွက်သွားနိုင်မည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးကြပြီး၊ ဒေသခံပြည်သူများ၏ ပြန်လည်မေးမြန်းမှုများအပေါ် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး၊ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံမှ မြို့နယ် ဦးစီးမှူးဦးစိုးပိုင်နှင့် ဝန်ထမ်းများက အိမ်ထောင်းစု(၁၁)စု၏ အိမ်ထောင်စုဇယား ပုံစံ(၆၆/၆)များအား အတိုး/အလျှော့ ပြင်ဆင်ပေးခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးနှံရန်ကျန်ရှိသူ(၄၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရပြီး၊ တွေ့ဆုံပွဲသို့ စုစုပေါင်းအင်အား (၁၇၅)ဦးတက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)