ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ စွမ်းရည်မြှင့်ပြိုင်ပွဲကျင်းပ

ကလေး နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် နိုဝင်ဘာ ၂၀ ရက့နေ့တွင်ကျရောက်မည် ကမ္ဘာ့ကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ကျောင်းသူများ၏ ကာယ ဉာဏ စွမ်းရည်မြှင့်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က ယခုကဲ့သို့ပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် ကျောင်းသားလူငယ်များကို အထွေထွေဗဟုသုတ၊ ဖတ်မှတ်စွမ်းရည်များမြင့်မားလာပြီး ဉာဏ်ရည် ဉာဏ်သွေးများမြင့်မားလာစေရန်နှင့်   ရည်ရွယ်၍ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ကျောင်းသူများမှ စက္ကူအရုပ်ခေါက်ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သူများနှင့်ဆုရရှိသူများအတွက် ဆုများနှင့် လက်ဆောင်ပစ္စည်းများကို  ခရိုင်ဦးစီးမှူးမှ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကလေး(ပြန်/ဆက်)