ချောင်းဆုံ နိုဝင်ဘာ ၁၉
မွန်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်(IOM)တို့ပူးပေါင်း ၍ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ် အရှေ့ကျေးရွာ၊ ခန်းမတွင်တီဘီရောဂါလူနာရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန် နေ့ နံနက်(၉)နာရီက၊ ပြည်နယ် တီဘီရောဂါတိုက်ဖျက်ရေးဦးစီးဌာနအထူးကု ဆရာဝန်ကြီး ဒေါက်တာထွန်းဦး ဦးဆောင်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ကျန်းမာ ရေးဝန်ထမ်းများက အခမဲ့ကွင်းဆင်းကုသခဲ့ကြသည်။
အဆိုပါ တီဘီရောဂါလူနာရှာဖွေကုသရေးဆောင်ရွက်ရာတွင် ရွေ့လျားကွန်ပျူတာဓါတ်မှန်စက်ဖြင့် ရင်ခေါင်းဓါတ်မှန်ရိုတ်ပေးပြီး အဆုတ်နှင့်ရင်ခေါင်း ရောဂါရှိ/မရှိ စမ်းသပ်၊စစ်ဆေး၊ ကုသခြင်းလုပ်ငန်းကို အခမဲ့ကုသဆောင်ရွက်မှုပေးခဲ့ရာ လာရောက်ပြသသည့်ပြည်သူဦးရေ (၁၀၀) ဦးဓာတ်မှန်ရိုက်သူဦးရေ (၁၀၀)ဦး သလိပ်စစ်သူဦးရေ (၁)ဦးဆေးကုသမှုခံရသူ (၁)ဦးကို အခမဲ့ စမ်းသပ် ကုသပေးခဲ့ပြီး ကျန်ကျေးရွာများသို့ ဆက်လက်၍ ရောဂါရှာဖွေခြင်းနှင့်ဆေးများ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချောင်းဆုံ(ပြန်/ဆက်)