မလှိုင်မြို့နယ် ဖက်ကုန်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေး

မလှိုင်   နိုဝင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ဖက်ကုန်းကျေးရွာ သုခကာရီသာသနာ့ဗိမာန်၌ ယမန်နေ့ မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသခံပြည်သူများနှင့်  လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူများအတွက် အမှန်တကယ်လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေး ရန်ပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက်(၉)ရပ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။  ယင်းနောက် တွေ့ဆုံပွဲသို့  တက်ရောက်လာသော ဒေသခံပြည်သူ (၆)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ် လိုအပ်သည့် ဆည်မြောင်း ကဏ္ဍ(၅)ခု၊ လမ်းရရှိ ရေးကဏ္ဍ(၃)ခု၊ပညာကဏ္ဍ(၄)ခု၊ကျန်းမာရေးကဏ္ဍ(၁)ခု၊ တရိစ္ဆာန်များကာကွယ်ဆေးထိုးနိုင်ရေး ကဏ္ဍ(၁)ခု၊ ပါဝါမီတာတပ်ဆင်ပေးနိုင်ရေးကဏ္ဍ(၁)ခု၊ ရေစုပ်စက်ရရှိရေးကဏ္ဍ(၁)ခု စုစုပေါင်းဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း(၁၆)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြား ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ အခမ်း အနားတက်ရောက်လာသူ ပြည်သူလူထု(၄၅၀)ဦးအနက် (၄၀၅)ဦးအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)