သီပေါ နိုဝင်ဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ဆောင်ကြဲကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းအခြေပြုရှေးဦးပြုစုခြင်းအခြေခံသင်တန်းကို ယမန်နေ့နံနက် (၉) နာရီ က စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီ အသင်းခွဲတပ်ဖွဲ့မှူးဒေါ်နန်းခင်ညွန့်လူက ကျောင်းသား၊ ကျောင်းသူများ အနေဖြင့်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို ရှေးဦးပြုစုသည့်နည်းစနစ်များဖြင့် စနစ်တကျပြုစုဆောင်ရွက် ပေးတတ်စေရန်စသည့် သင်တန်းဖွင့်လှစ်ဆောင်ရွက်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီးနောက် တပ်ဖွဲ့ဝင်များကဆောင်ကြဲကျေးရွာနှင့် ဆင်ကျော့ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၈၃)ဦးကို စာတွေ့၊ လက်တွေ့ သင်ကြားပေး ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းကို နိုဝင်ဘာလ(၁၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ(၃) ရက်ကြာသင်ကြားပေးသွား မည်ဖြစ်ကြောင်း မြိုနယ်ကြက်ခြေနီအသင်းခွဲမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)