ရသေ့တောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများထုတ်ပေး

ရသေ့တောင်  နိုဝင်ဘာ  ၂၁

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်ရှိ ဝန်ထမ်းများက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများတွင် ပင်စင်စားဝန်ထမ်း(၁၆၆၀)ဦးရှိပြီး‌ ယနေ့နိုဝင်ဘာလ ၂၁ရက် နေ့မှစတင်၍ လကုန်ရက်အထိ နေ့စဉ်နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီ ထိ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိသည်။အငြိမ်းစားအသက်ကြီးသူများနှင့် ကျန်းမာရေး မကောင်းသူများ၏ ပင်စင်လစာများကို ကိုယ်စားလှယ်လွှဲစာဖြင့်မိသားစုဝင်များက အဆင်ပြေစွာ  ထုတ်ယူနိုင်ရန် မြန်မာ့စီးပွါးရေးဘဏ်ကစီစဉ်ဆောင်ရွက်ပေးထားသလို သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော ပင်စင်စားဝန်ထမ်းများအား လစဉ် လဆန်းရက် ၊ဘဏ်လုပ်ငန်း ဖွင့်ချိန်များတွင်  ပင်စင်လစာများကို ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)