လပွတ္တာ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် (၃)မိုင်မြို့သစ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမတွင် ယမန်မနေ့နံနက်(၁၀)နာရီချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်ပြုလုပ်ရာ ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ကလေးသူငယ်များ အတွက် အကောင်းဆုံး အကျိုးစီးပွားကိုဆောင်ရွက်ပေးရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျန်းမာရေး၊ အာဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်း ရရှိရေးအပါအဝင် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက်ရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ
အတွင်းရေးမှူး ဦးအောင်စိုးကျော်က ၁-၁-၂၀၂၂ မှ ၂၇-၁၁-၂၀၂၂ ထိ လုပ်ငန်းဆောင်ရွက်ချက် များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ခရိုင်ကော်မတီဥက္ကဋ္ဌက အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်မည့် အစီအစဉ်တင်ပြပေးရန်၊ ပါဝင်သည့်ဌာနများနှင့် ကော်မတီဝင်များက ပူးပေါင်း ဆောင်ရွက်ကြရန် မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လပွတ္တာ(ပြန်/ဆက်)