မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌ "ခဲဆိပ်အန္တရာယ်" စာအုပ်ဖြင့် ဆွေးနွေးပွဲဆောင်ရွက်

မိုင်းလုံ   နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   လူထုအခြေပြုဗဟိုဌာန  ( Community  Centre)  ခန်းမတွင် လူငယ်များက စာရေးဆရာ ဒေါက်တာ ဦးလှကြည်(ကလေးကျန်းမာရေး)က ရေးသားသော "ခဲဆိပ်အန္တရာယ်" စာအုပ်ဖြင့်  ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲခန့်က ဆောင်ရွက်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက ယခု ကျန်းမာ‌ရေးဆွေးနွေးပွဲမှ ကလေးဘဝတွင် ကာလကြာရှည် ခဲဆိပ်သင့်ခြင်း အန္တရာယ်ကို ကြုံတွေ့ခဲ့သူများသည် စိတ်ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးနိမ့်ကျနိုင်သောကြောင့် ခဲဆိပ်အန္တရာယ်ကို ရှောင်ရှားနိုင်ရန်နှင့် လက်တွေ့တွင်ကျင့်သုံးရမည့် အချက်အလက်များကို ပေးစွမ်းနိုင်‌သောကြောင့် ဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှေ့ဦးစွာ‌‌ပြောကြားပြီးမှ ဦးစိုင်းအောင်က “ခဲဆိပ်သင့်ရောဂါနှင့် အစာလမ်းကြောင်း လက္ခဏာများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးရာမှ အခြားတက်‌‌ရောက်သောအဖွဲ့ဝင်များသည်လည်း မိမိတို့သိသော အကြောင်းအရာ များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)