ကျောက်ဆည် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် မြိုပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေနှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး ပျက်စီးခဲ့သည့် လမ်းတံတားများအား မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်-ဖျောက် ဆိပ်ပင်-ရဲရွာလမ်းတွင်ရှိသော တောင်ကျရေတိုက်စား၍ ပျက်စီးခဲ့သည့် တောင်ကျချောင်းတံတား ကတ္တရာချဉ်ကပ်လမ်းများအား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် ကျောက်ဆည်-ဖျောက်ဆိပ်ပင်-ရဲရွာလမ်း၏ (၁၃.၈၈)ကီလိုမီတာနှင့် (၁၄.၀၈) ကီလိုမီတာအကြားတွင်တည်ရှိသည့် တံတားအမှတ်(၂/၁၁)၊ အရှည်(၃၉.၆၂) မီတာရှည်သည့် တောင်လှချောင်း တံတားဖြစ်ကြောင်းနှင့် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် (၉၈.၀၀)သန်းဖြင့် ရေတိုက်စားသွားသည့် တံတား၏ထိပ်နှစ်ဘက် လမ်းဘေးဝဲယာတွင် (၁၈.၂၈)မီတာ ကတ္တရာချဉ်ကပ်လမ်း (၄)နေရာပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများဖြစ်ကြောင်းနှင့် အဆိုပါလမ်းသည် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းနှင့် ဆက်သွယ်ထားသည့်လမ်းဖြစ်သောကြောင့် လုပ်ငန်းများပြီးစီးပြီဖြစ်၍ ဒေသတွင်းကျေးရွာများမှ ထွက်ကုန်များလွယ်ကူလျင်မြန်စွာ သယ်ယူဆောင်ဆောင်ရွက်နိုင်ပြီ ဖြစ် ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန်အတွက်လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့်ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)