အမရပူရမြို့၊ ကျန်တန်းရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၏အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင် သောစစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျန်တန်းရပ်ကွက် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရပ်ကွက်ရှိ ပွဲတော်ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။