ကမမောင်းမြို့တွင် ပဲတီစိမ်းစိုက်တောင်သူများ အထွက်နှုန်းကောင်းသဖြင့် စျေးကောင်းများ ရရန်မျှော်လင့်

ကမမောင်း    ဒီဇင်ဘာ   ၁

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ တွင်ဒေသတွင်းရေခံမြေခံအခြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသော စိုက် ပျိုးသီးနှံများအပြင် စျေးကောင်းများရရှိသော ပဲတီစိမ်းများ စိုက်ပျိုးလာကြသည်။

ပဲတီစိမ်းများအား ကမမောင်းမြို့တွင် စျေးကွက်ဝင်ပဲတီစိမ်းများ စိုက်ပျိုးထားရှိပြီး ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်စွာထွက်ရှိသဖြင့် စိုက်ပျိုးသူတောင်သူများစျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ကမမောင်းမြို့အထက်မီးဇိုင်းကျေးရွာတွင် တွင်ကျယ်စွာ စိုက်ပျိုးလာကြပြီး မျှော်မှန်းပန်းတိုင်အထွက်နှုန်း (၁)ဧကလျှင် တင်း၂၀ အထိ ရရှိရန်မျှော်မှန်းထားပြီး ၁ ပြည်လျှင်ငွေကျပ် ၁၅၀၀ အထိရရှိနိုင်မည်ဖြစ်ကြောင်း တောင်သူများ အဆင်ပြေရန်မျှော်လင့်လျက်ရှိကြောင်း သိရ သည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)