ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) ချောင်းဆုံမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု

ချောင်းဆုံ ဒီဇင်ဘာ ၂၆

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ ၂၄ ရက်မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ မွန်းလွဲ(၁)နာရီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ) နှင့် တာဝန်ရှိသူများမှ   ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့် တာဝန်ရှိသူများက သက္ကောကျေးရွာ ၊ခရိုက်သစ်ကျေးရွာနှင့် တိုးချဲ့ရပ်ကွက်တို့၌  ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံးမှူးနှင့် ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် (မွန်ပြည်နယ်တာဝန်ခံ)နှင့် တာဝန်ရှိသူများက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအားတွေ့ဆုံကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို ရွေးကောက်ပွဲအတွင်း တာဝန်ထမ်းဆောင်ကြမည့် သက်ဆိုင်ရာတာဝန်ရှိသူများ ၊အသက်(၆၀)နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် မသန်စွမ်းသူများမှ ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဖြစ်ပြီး ချောင်းဆုံမြို့နယ်အတွင်း၌ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၇၀၃၁)ဦးရှိပြီး မဲရုံပေါင်း (၇၃)ရုံးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရသည်။

ကိုကျော်(ချောင်းဆုံ)