လက်ပံတန်းမြို့နယ်၌ ပေါ်ဆန်းမွှေးစပါးမျိုးများဖြစ်သည့် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုး စမ်းသပ်စိုက်ပျိုး

လက်ပံတန်း မတ် ၃၁

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရေးတွင် အရည်အသွေးမြင့်ပေါ်ဆန်းမွှေး စပါးမျိုးများလုံလောက်စွာရရှိစေရန် ရေဆင်းပေါ်ဆန်း (၂) စပါးမျိုးများ စမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် ရေးဆင်းပေါ်ဆန်း (၂) စပါးမျိုးကို မကျီးကွင်း၊ သိုက်ဝါးချောင်း၊ ရေကန်၊ ညောင်ဝိုင်းကျေးရွာအုပ်စုရှိ တောင်သူ ၈ ဦး၏ လယ်မြေ ၁၅ ဧကတွင် စမ်းသပ်စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေဆင်းပေါ်ဆန်းစပါးမျိုးများကို ၂၀၂၆ - ၂၀၂၇ မိုးစပါးရာသီတွင် ရေဆင်းပေါ်ဆန်း (၁) ၃၃၄ ဧက၊ ရေဆင်းပေါ်ဆန်း (၂) ၃၃၄ ဧက၊ ရွှေဘိုပေါ်ဆန်း ၁၆၇၄ ဧက စုစုပေါင်း ၂၃၄၃ ဧကအား တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)