ပျော်ဘွယ်မြို့နယ် ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲဆက်လက်ဖြေဆိုကျင်းပ

မန္တလေးတိုင်းဒေကြီး၊ ပျော်ဘွယ်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှကျင်းပသည့် ၂၀၂၆ ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုလျက်ရှိရာ မတ်လ ၃၁ ရက် နေ့လယ် ၁၂ နာရီက ရှမ်းပွဲရပ်ကွက်ရှိ မြို့နယ် ရာပြည့်သာသနာ့ဗိမာန်တော်တွင် ဆက်လက်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသတိပေးလက်ကမ်းစာစောင်များဖြန့်ဝေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူးဦးဆောင်သောဝန်ထမ်းများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ပြည်သူများ လျှပ်စစ်ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် သတိပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ဖြန့်ဝေပေးသည်။

သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်း ဆင်း

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ မတ် ၃၁ ရက်နံနက်က အခြေခံပန်းချီရေးဆွဲနည်းနှင့် အင်္ဂလိပ်စာအခြေခံသင်တန်းဆင်းပွဲပြုလုပ်သည်။

ရေနံချောင်းမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေးစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှု မဖြစ်ပွားစေရေး ယမန်နေ့က ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယနေ့ မွန်းတည့် ၁၂နာရီက စတင်၍ မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမ ပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့၌ စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျရောင်းချစေရေး စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျရောင်းချစေရေးအတွက် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

တောင်ငူမြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ဗဟိုမဏ္ဍပ်၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ စတုဒိသာအလှူများ၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ DJ နှင့် နာမည်ကြီးအဆိုတော်များဖြင့် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ တတိယနေ့ ဆက်လက်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်တတိယနေ့စာမေးပွဲကို မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဆက်လက်ဖြေဆိုလျက်ရှိသည်။

မူဆယ်မြို့တွင် နွေရာသီ အခြေခံစစ်တုရင်သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မူဆယ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီနှင့် မူဆယ်မြို့နယ် စစ်တုရင်အသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံစစ်တုရင်သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက ရာဇမုနိပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ပထမကြီးတန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမလတ်တန်းတွင် ဒွေမာတိကာ/ ဓမ္မပဒဘာသာ၊ ပထမငယ်တန်းတွင် ဘိက္ခုပါတိမောက်/ ဓမ္မပဒဘာသာနှင့် အခြေပြုမူလတန်းတွင် ဝိနည်းကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ ဘာသာရပ်များကို ယနေ့တွင် ဖြေဆိုသည်။
Subscribe to