မော်လမြိုင် ဒီဇင်ဘာ ၂၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများ အားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်က လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာထားပြီးဖြစ်ရာ မြို့နယ်အတွင်း ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်)၊ ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူအနိုင်ယူစနစ်) တို့အား သက်ဆိုင်ရာမဲဆန္ဒအလိုက် ဝင်ရောက်ယှဥ်ပြိုင်ကြသည့် နိုင်ငံရေးပါတီတို့မှ နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို လွတ်လပ်စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ပါကြောင်းနှင့် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်က လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)