ကျိုက်ထိုမြို့နယ်တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်

ကျိုက်ထို  ဒီဇင်ဘာ ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဒီဇင်ဘာ၂၈ ရက်နေ့၌ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် တာဝန်ကျသည့်မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်ရှိကံ့ကော်ရပ်ကွက်၊ တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ တောင်သူစုရပ်ကွက်၊ ဇေယျာမွန်ရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်၊ ဖက္ကလိပ်ကျေးရွာအုပ်စု၊ ကျိုက်ပိကျေးရွာအုပ်စု၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ လှည်းလမ်းကူးကျေးရွာ အုပ်စု၊ ကွင်းကလေးကျေးရွာအုပ်စု၊ သိမ်ဇရပ်မြို့ရှိအမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)အမှတ်(၄) ရပ်ကွက်တို့တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းများကို ဒီဇင်ဘာ(၂၄)ရက်နေ့မှ ဒီဇင်ဘာ(၂၇)ရက်နေ့ထိဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)