ရန်ကုန် မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့မအားလပ်၍ မလာရောက်နိုင်သည့်ဝန်ထမ်းများနှင့် ပြည်သူများစာပေနှင့် စဉ်ဆက်မပြတ်စေရေး၊ အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များအဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမိုမြှင့်မားလာစေးရေးအတွက် (Mobile Library Bus) ဖြင့် ယနေ့ နံနက် (၁၁) နာရီအချိန်က သူနာပြုသင်တန်းကျောင်း၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ရေနံရပ်ကွက်နှင့် ပဲခူးစုရပ်ကွက်များသို့ သုတ /ရသစာအုပ်၊ စာစောင်များသွားရောက်ငှားရမ်းပေးခဲ့သည်။
ထို့သို့ စာအုပ်စာစောင်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိမည့် သုတ / ရသ စာအုပ်စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သည့်စာအုပ်များကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)