ဘိုကလေး မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ ကွင်းအမှတ်(၇၀၈)၊ ဦးပိုင်အမှတ်(၉၀/၂)၊ ဧရိယာ (၅)ဧကရှိ တောင်သူ ဦးမြင့်ဝေ၏ လယ်ယာမြေတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးထားခဲ့သော ထိုင်းဘေးကြား စပါးမျိုးကွဲအား မတ် ၃၀ ရက်နေ့နံနက်(၉)နာရီ အချိန်တွင် စံကွက်ရိတ်သိမ်းပွဲ ကျင်းပခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ် အပါအဝင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး ဦးမြင့်ဝေ၏ လယ်ယာမြေအား တာဝန်ရှိသူများမှ စံကွက်ရိတ်သိမ်းရာ (၁)ဧကလျှင် အစို(၁၃၆.၂၉)တင်း၊ အခြောက်(၁၂၆.၇၈) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)