ရွှေဘိုမြို့၌ မြို့နယ် ပြည်တွင်း/ပြင်ပမှ ပြန်လည်ပေးပို့လာသည့် ကြိုတင်မဲများအား ဖွင့်ဖောက်စစ်ဆေး

ရွှေဘို ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအ​ထွေထွေရွေးကောက်ပွဲအတွက် မြို့နယ်ပြည်တွင်း/ပြင်ပမှ ပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်မှုကို ယမန်နေ့ ည‌နေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးနှင့် ဝန်ထမ်းများက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ ကြိုတင်ဆန္ဒမဲလက်မှတ်များအား ပါတီကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများရှေ့တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)