ညောင်ဦး ဒီဇင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးအတွင်း၌ ဒီဇင်ဘာ ၂၆ ရက်နေ့မှစတင်ကာ သဲဖြူနှင့်မဟာမြိုင်တောရဓမ္မရိပ်သာဆရာတော် ဘဒ္ဒန္တပညာဇောတမထေရ် ဦးဆောင်မှုဖြင့် စတုဒိသာကျွေးမွေးလှူဒါန်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထမင်းဖြူ၊ ဝက်သားဟင်းသီးစုံချဉ်ဟင်း၊ ငါးဖယ်ဟင်း၊ ကုလားပဲကြာဇံဟင်းချို၊ ကြက်သားဟင်း၊ ငါးခြောက်နှပ်၊ ပုဇွန်မှုန့်ခြောက်ကြော်၊ ပဲတီချဉ်သုပ်၊ ငါးနီတူးကြော်၊ ငရုတ်သီးကြော်တို့အား တစ်ရက်လျှင် လူဦးရေ(၁၅၀၀၀)တို့အား ၆ ရက်တိုင်တိုင်နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီထိ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
စတုဒိသာကျွေးမွေးနေသည့် ဝေဇယန္တာဓမ္မဗိမာန်တော်သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များက စတုဒိသာလာရောက်စားသုံးသူများအား လိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်လျက်ရှိသည့် ဘုရားဖူးများလည်း လာရောက်စားသုံးလျက်ရှိကြောင်းသိရသည်။
ဒီပါလင်း