ကြံခင်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံများဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များစနစ်တကျတပ်ဆင်ထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးမည့်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းက အခြေခံကျောင်းများရှိ မဲရုံများအတွင်း၌ ကြိုတင်ပြင်ဆင်ထားရှိမှုများအား တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးကြ သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း မဲရုံများဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အတွင်း လာမည့်ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးတို့သည် ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့‌ပေါ်ရှိ မဲရုံများ ဖွင့်လှစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to