တနိုင်း မတ်လ ၃၁
တနိုင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်ပြပွဲနှင့်ဆေးရောင်ခြယ်ပြိုင်ပွဲကို မတ် ၃၀ ရက်နေ့ ၁၁ နာရီတွင် ကျင်းပပြုလုပ်သည်။
ဆက်လက်၍ စာအုပ်ပြပွဲတွင် ကျောင်းသား/ ကျောင်းသူများ စိတ်ဝင်စားသည့် ရုပ်ပြစာအုပ်များ ခင်းကျင်းပြသပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် လက်ထောက်မူပြ ဆရာဦးကောင်းထက်လွင်မှ ဆေးရောင်ခြယ်ခြင်းနှင့် ပက်သက်၍ စည်းကမ်းချက်များ ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူ (၂၁)ဦး ယှဥ်ပြိုင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)