ကန်ကြီးထောင့်မြို့နယ်၌ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် VDP စီမံကိန်းကျေးရွာ ရွေးချယ်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် VDP စီမံကိန်းကျေးရွာရွေးချယ်ပွဲအခမ်းအနားကို မတ် ၃၀ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က အဆိုပါဦးစီးဌာနရုံးအစည်းအ‌ဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဥ္ဇာညွှန့်မှ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျေးလက်ရေ ရရှိရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

 ထို့နောက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွှဲပြောင်းအပ်နှံခြင်းနှင့် မြေနေရာလှူဒါန်းသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူများကပေးအပ်ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကျေးရွာမှ ထွက်ရှိလာသည့် ဦးစားပေးစီမံချက်လုပ်ငန်းများအား မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီသို့ လွှဲပြောင်းပေးအပ်ခဲ့ကြပြီး အခမ်းအနားပြီးဆုံး ကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)